Friday, September 20, 2024
1
လေရူးသုန်သုန် - (အခန်း ၁) // မြသန်းတင့်
၁
စကားလက် အိုဟာရာသည် အချောအလှကြီး မဟုတ်။ သို့ရာတွင် သူ့ညှို့ဓာတ်ဖြင့် အဖမ်းစားခံရပြီ ဆိုလျှင်မူ တာလက်တန် အမြွှာ ညီအစ္ကို နှစ်ယောက် ကဲ့သို့ စကားလက် လှသည် မလှသည်ကို မည်သူမျှ သတိ မထားမိကြတော့။
သူ့ မျက်နှာက အထက်တန်းလွှာ ပြင်သစ်နွယ် အေမ၏ နုနယ်သည့် သဏ္ဌာန်နှင့် ခပ်ကြမ်းကြမ်း အိုင်းရစ်နွယ် အေဖ၏ ကြီးခိုင်သည့် အဆက်အပေါက်တို့ အထင်းသား ပေါင်းစပ်ထားသည့် မျက်နှာမျိုး။ သို့တိုင်အောင် သူ့မျက်နှာက ဆွဲငင်အား ကောင်းသည်။ မေးက သွယ်သွယ်။ မေးရိုးက ကားကား။ မျက်လုံးများတွင် အစိမ်းနုရောင် ဖျော့ဖျော့ သမ်းနေသည်။ ညိုလဲ့လဲ့ အရောင်ဆို၍ တစ်စက်မျှ မရွိ။ ရှည်လျားသည့် မျက်ဝန်းပေါ်တွင် ကော့သွယ်သည့် မျက်တောင်များက ဝဲကျနေကြသည်။
နက်မှောင်သည့် မ်က္ခုံးထူထူမ်ားက ကော့ပျံလျက်။ တတိုင်းမွှေး ပွင့်ဖတ်လို ဖြူဝင်းသည့် အသားပေါ်တွင် ပီပြင် ထင်ရှားလျက် ရွိ၏။ တောင်ပိုင်းသူ အမျိုးသမီးတို့ အလွန် အျမတ္တနိုး ထားကြသည့် အသားအေရ။ ပူပြင်းသည့် ဂျော်ဂျီယာ နေရောင် မထိစေရန် ဦးထုပ္မ်ား၊ မျက်နှာဖုံးများ၊ လက်အိတ်များဖြင့် တယုတယ မွေးထားရသည့် အသားအေရ။
၁၈၆၁ ခု နေခြည် ဝင်းပသည့် ဧပြီလ တစ်ညေန၌ သူ့အဖေ၏ မြိုင်သာယာ ယာတောက အိမ်ဆင်ဝင်ရိပ်တွင် စတူးဝပ်နှင့် ဘရင့် အမြွှာ ညီအစ်ကိုနှစ်ဦးနှင့် သူ ထိုင်၍ စကားပြောနေပုံသည် ပန်းချီကား တစ်ချပ်နှယ် ကြည့်ကောင်းနေသည်။
တင်ပါး အောက်ခံ ခွေပေါ်တွင် လှိုင်းကြီးတွန့် တွန့် ချုပ်ထားသည့် ဆယ့်နှစ်ကိုက်ကုန် အစိမ်းပွင့်ရိုက် ပိတ်ပါး ဝတ်စုံသည် အစိမ်းရောင် ခုံနိမ့် ဆိတ္ကေလး သားရေ ဖိနပ်နှင့် ပနံရလျက် ရွိ၏။ ဤဖိနပ္ကို အေဖ အတ္တလန်တာမှ အပြန်တွင် ဝယ်ခဲ့ခြင်း ဖြစ်သည်။ အနီးတစ်ဝိုက်တွင် အေသးဆုံးခါးဟု ဆိုကြသော ဆယ့်ခုနစ်လက်မရှိ သူ့ခါးကျဉ်ကျဉ်တွင် ဤဝတ်စုံသည် လှချင်တိုင်း လှနေသည်။ ခပ်ကျပ်ကျပ် ရင်စည်းက အသက် ဆယ့်ခြောက်နှစ်အရွယ်နှင့် မလိုက်အောင် ဖွံ့သော သူ့ရင်ဖြိုးဖြိုးကို ပို၍ ပေါ်လွင်စေသည်။ ပုံရိုးရိုး ဝတ္စုံ ဖားဖားက ဣနြေ္ဒရသည်။ ဆံပင်ကို သေသပ်စွာ ဖြီးထားပြီး နောက်တွဲ ထုံးထားပုံက တည်ကြည်သည့် အသွင် ဆောင်သည်။ သေးငယ် ဖြူဖွေးသည့် လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်ထားဟန်က ဗိုင်းကောင်း ကျောက်ဖိ သဏ္ဌာန် အပြည့်။ သို့ရာတွင် ထိုဣနြေ္ဒသည် စကားလက်၏ ပင်ကို စိတ္ထားကိုမူ ဖုံးကွယ်နိုင်ခြင်း မရွိ။ တမင် ချိုပြုံး နေရသည့် မျက်နှာပေါ်က မ်က္လုံး စိမ်းစိမ်းများသည် မဟုတ်မခံသည့် သေဘာကို ဆောင်သည်။ ဇွတ်တရွတ် နိုင်ဟန်ကို ပြသည်။ ဘဝကို ခုံမင် တွယ်တာသည့် အသွင် ရှိသည်။ ယဉ်ကျေး သိမ်မွေ့သည့် အမူအရာနှင့် နည်းနည်းမျှ လိုက်လျောခြင်း မရွိ။ အမူအရာမ်ားက မေမေ၏ သာယာ ညင်းပျောင်းသည့် အဆုံးအမနှင့် ကေလး ထိန်းရသည့် ကြီးဒေါ်၏ တင်းကျပ်သည့် စည်းကမ်း အရှိန်အဝါ အောက်က အမူအရာ။ မ်က္လုံးမ်ားကမူ သူ၏ ကိုယ်ပိုင် မ်က္လုံး။
သူ့ဘေး တစ်ဖက်တစ်ချက်တွင် စတူးဝပ်နှင့် ဘရင့်တို့ အမြွှာ ညီအစ္ကိုက ကုလားထိုင် ကိုယ်စီဖြင့် ထိုင်နေကြရင်း ရယ်လိုက် မောလိုက်ဖြင့် စကားပြောနေကြ၏။ အစိမ်းရောင် မှန်ကူကွက်များမှ နေရောင်ဖြာကျလျက် ရှိသဖြင့် မ်က္လုံးမ်ားကို မှေးထားကြသည်။ ဒူးဆစ် အထိ မြင်းစီး ဖိနပ်ရှည် စွပ်ထားပြီး ကုန်းနှီး ကြွက်သားများ အပြိုင်းပြိုင်း ထနေသည့် ခြေတံရှည်ရှည်များကို လျော့ရိလျော့ရဲ ချိတ်ထားကြသည်။ အသက် ဆယ့်ကိုးနှစ်၊ အရပ် ခြောက်ပေ နှစ်လက်မစီ၊ အရိုးအဆစ် ကြီးကြီး၊ ကြွက်သား တင်းတင်း၊ နေလောင်ထားသည့် မျက်နှာများနှင့် ညိုညို ဝါဝါ ဆံပင် ကိုယ်စီဖြင့်။ သူတို့ မ်က္လုံးမ်ားက ရွှင်ပျ မြူးထူးစွာ မည်သူ့ကိုမျှ ထီမထင်သည့် ဟန်။ အပြာရောင် ကုတ်အင်္ကျီ၊ မုံညင်းစေ့ရောင် မြင်းစီး ဒူးကျပ် ဘောင်းဘီ ကိုယ္စီ ဝတ်ထားသဖြင့် ဝါသီးတောင့် နှစ်တောင့်လို ရုတ်တရက် ခြဲ၍ မရချင်။
အပြင်ဘက်တွင် ဝင်လုဆဲ နေခြည်သည် စွေစောင်း ဖြာကျနေသည်။ စိမ်းလွင်သော သစ်ရွက်နောက်ခံတွင် ဖွေးဖွေး လှုပ်အောင် ပွင့်နေကြသည့် တောင်တမာပွင့်များသည် နေခြည်တွင် ဝင်းလက်လျက် ရှိကြ၏။ အမြွှာ ညီအစ္ကို နှစ်ယောက်၏ မြင်းများကို ဝင်းအဝင် လမ်းဘေးက ချည်တိုင်များတွင် ချည်ထားသည်။ မြင်းကြီးများက အလုံးအဖန် ထြားထြား။
သူတို့သခင်များ၏ ဆံပင်ရောင် မြင်းနီကြီးတွေ။ မြင်းများကြားတွင်မူ အမြွှာ ညီအစ္ကို သွားလေရာ ပါသည့် ကိုယ္လုံး သွယ်သွယ်ကျစ်ကျစ် တောလိုက် ခွေးတစ်အုပ်။ တစ်ကောင့် တစ်ကောင် မဲလျက်။ ခပ်လှမ်းလှမ်းတွင် မျိုးကောင်း မျိုးသန့် ရထားခွေးကြီး တစ်ကောင် ရှေ့လက်များပေါ်တွင် နှုတ်သီးတင်၍ ဝပ်ရင်း သခင် နှစ်ဦး အိမ်အပြန်ကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းလျက် ရှိကြသည်။
တောလိုက် ခွေးများ၊ မြင်းများနှင့် အမြွှာ ညီအစ္ကိုတို့ အကြားတွင် အပေါင်းအဖော် သဘောမျှသာမက ဆွေမျိုးရင်းချာသဖွယ် တူညီချက်လည်း ရှိနေသည်။ ၎င်းတို့ အားလုံး သန်သန္မာမာ။ တစ်ရှူးထိုး လုပ်မည့် ငယ်ငယ်ရွယ်ရွယ် သတ္တဝါတွေချည်း ဖြစ်ကြသည်။ ကျစ်လျစ် သေးသွယ်ဆဲ၊ ကြည့်ကောင်းဆဲ၊ ရွှင်လန်း ဖျတ်လတ်ဆဲ။ စီးသူများကလည်း သူတို့ စီးသည့် မြင်းကြီးများကဲ့သို့ ကြွပ်ဆတ်ကြသည်။ စိတ်မြန်ကြသည်။ အကိုင် မတတ်လျှင် အန္တရာယ် ကြီးသလောက် အကိုင်အတွယ် တတ်လျှင် သဘောကောင်းကြသည်။
ဆင်ဝင်ရိပ်တွင် ထိုင်နေသည့် သူတို့ သုံးယောက် စလုံးသည် ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင် သက်တောင့်သက်သာ ကြီးပြင်းလာကြသူများ ဖြစ်ကြသည့်တိုင် သူတို့ မျက်နှာများက လေးလံ ထိုင်းမှိုင်းခြင်း မရွိ။ ပျော့ဖတ် နုနယ်ခြင်း မရွိ။ တစ်သက္လုံး လေကောင်း လေသန့်ရရာ ကွင်းပြင်တွင် ကြီးပြင်းလာခဲ့ကြသူ၊ စာအုပ္မ်ားထဲက ငြီးငွေ့စရာ အကြောင်းများဖြင့် ခေါင်းရှုပ် မခံကြသူ။ တောသူ တောင်သားများကဲ့သို့ပင် ဖျတ်လတ်ကြသည်။ အားကောင်း မောင်းသန် ရှိကြသည်။ ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်း ကလေတန် ခရိုင်သည် နေရာသစ် ဖြစ်သည်။ ဩဂတ္စတာ၊ ဆဗာနာ၊ ချာလက်စတန် စသည်တို့နှင့် ယှဉ်လျှင် ရိုင်းနေသေးသည်။ အနည်ထိုင်၍ ရှေးကျသော တောင်ပိုင်းသားများက ဂျော်ဂျီယာနယ် မြောက်ပိုင်းကို အထင်သေးဟန်ဖြင့် ကြည့်ကြသည့်တိုင် ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်းတွင်မူ ဂန္ထဝင် စာပေတွင် နှံ့စပ်ခြင်း မရှိသည်ကို ရွက္စရာ ကောင်းသည်ဟုလည်း ယူဆခြင်း မပြုကြ။ သူတို့ အရေးတကြီး ထားသည့် ကိစ္စများတွင် နှံ့စပ် ကျွမ်းကျင်လျှင် ထိုလူသည် လူ့အဖိုးတန် ဖြစ်နေပြီ။ သူတို့ အရေးတကြီး ထားသည့် ကိစ္စများမှာလည်း အျခား မဟုတ်။ အထွက် ကောင်းအောင် ဝါကောင်းကောင်း စိုက်တတ်ခြင်း၊ မြင်း ကောင်းကောင်း စီးတတ်ခြင်း၊ သေနတ်ပစ် လက်ဖြောင့်ခြင်း၊ ပေါ့ပါး သြက္လက္စြာ ကတတ်ခြင်း၊ အမျိုးသမီးများကို ဣနြေ္ဒသိက္ခာ ရွိရွိ စောင့်ရှောက်တတ်ခြင်း၊ လူကြီး လူကောင်း တစ်ယောက် သဖွယ် အရက်သောက်တတ်ခြင်း စသည်တို့ ဖြစ်သည်။
ဤနေရာတွင်မူ စတူးဝပ်နှင့် ဘရင့် အမြွှာ ညီအစ္ကိုကို မီသူ ရှိမည်မထင်။ စာအုပ် အဖုံး နှစ်ဖက်ကြားက စာမ်ားကို လေ့လာမှု ညံ့ဖျင်းခြင်း အရာတွင်လည်း သူတို့ အမြွှာ ညီအစ္ကို နှစ်ယောက်ကို မီသူ ရှိမည် မထင်။ သူတို့ မိသားစုသည် ဤအနီးတစ်ဝိုက်တွင် သူတကာထက် မြင်းပိုင်၊ ကျွန်ပိုင် များသည်။ သို့ရာတွင် လူဖြူ ဆင်းရဲသားလောက်မျှ သဒ္ဒါ မနိုင်၊ စာမပိုင်။ ထို့ကြောင့်ပင်လျှင် ဧပြီလ ထိုညေန၌ သူတို့ အမြွှာ ညီအစ္ကို နှစ်ယောက်သည် မြိုင်သာယာ ဆင်ဝင်ရိပ်တွင် အေးအေးလူလူ ရောက်နေကြခြင်း ဖြစ်သည်။ သူတို့ ညီအစ္ကို နှစ်ယောက်စလုံး ဂျော်ဂျီယာ တက္ကသိုလ်မှ ကျောင်းထုတ် ခံခဲ့ရသည်။ နှစ်နှစ် အတွင်း လေးကြိမ်မြောက် ကျောင်းထုတ် ခံခဲ့ကြရခြင်း ဖြစ်သည်။ သူတို့ ကျောင်းထုတ် ခံရသည့် အခါတွင် အစ်ကိုကြီး နှစ်ယောက်ဖြစ်သည့် တွမ်နှင့် ဘွိုက်တို့ကလည်း ထိုကျောင်းတွင် ဆက်မနေလိုဟု ဆိုကာ ထွက်လာခဲ့ကြသည်။
စတူးဝပ်နှင့် ဘရင့်တို့က သူတို့ ကျောင်းမှ ထုတ်ခံရသည့် ကိစ္စကို ရယ္စရာ သဖွယ် သဘောထားကြသည်။ မနှစ်က ဖာယက်တီဗီးလ် မိန်းကလေးကျောင်းမှ ထွက်လာခဲ့ပြီးနောက် စာတစ်အုပ်ကိုမျှ စိတ်ပါ လက်ပါ မဖတ်ဖူးသည့် စကားလက်ကလည်း ထိုကိစ္စကို သူတို့ နည်းတူ ပေါ့ပေါ့တန်တန် ယူဆသည်။
ကိုလေးတို့ နှစ်ယောက်ကတော့ ကျောင်းက ထွက်ရတာကို သိပ်ဂရုစိုက်မှာ မဟုတ်ပါဘူး၊ ကိုလတ်တွမ်ကလည်း ဒီလိုပဲ နေမှာပါ စကားလက္က ပြောသည်။ ဒါပေမယ့် ကိုကြီး ဘွိုက်ကတော့ သိပ်ဆွေးသွားမှာပဲ၊ သူက သိပ် ပညာသင်ချင်တာ မဟုတ္လား၊ ခုတော့ ကိုလေးတို့ကြောင့် သူ့ခမျာ ဗာဂျီးနီးယား တက္ကသိုလ်ကရော အယ်လာဘားမားနှင့် ကာရိုးလိုင်းနား တက္ကသိုလ်တွေကရော ထွက်ခဲ့ရပြီ၊ ခုလည်း ဂျော်ဂျီယာ တက္ကသိုလ်က ထွက်ရပြန်ပြီ၊ ဒီနှုန်းနှင့်သာ သွားနေရရင်တော့ ကိုကြီးလည်း ဘယ်တော့မှ ဘွဲ့ရတော့မှာ မဟုတ္ဘူး
အို အရေးမကြီးပါဘူးကွာ၊ သူ နေချင်တယ် ဆိုရင် ဖာယတ်တီဗီးလ်မှာ ရှေ့နေ သင်တန်း တက်ရင်လည်း ရတာပါပဲ၊ ထွက်ရတော့ကော ဘာဖြစ်သေးလဲ၊ ကိုယ္က မထွက်လည်း စာသင်နှစ် မကုန်ခင် အိမ်ပြန်လာရမှာပဲ
ဘရင့်က အရေးမကြီးသည့်ဟန် ပြော၏။
ဘာဖြစ်လို့
စစ်ဖြစ်တော့မယ်လေ၊ နေ့ဖြစ်မလား ညျဖစ္မလား တစ္ခုခုပဲ၊ စစ်ဖြစ်ပြီး တိုင်းပြည်ကြီး ဗရုတ်ဗရက် ဖြစ်နေရတဲ့အထဲ တို့က ကောလိပ်ကျောင်း တက်နေရဦးမှာလား
ဘယ္ကလာ ဖြစ်ရမှာလဲ၊ အဝေးကြီး စကားလက္က စိတ်မရှည်ဟန်ဖြင့် ပြောသည်။ အလကား ပြောနေကြတာပါ၊ ဝါရှင်တန်မှာ ရောက်နေတဲ့ စကားလက္တို့ ဘက္က ကိုယ်စားလှယ်တွေက လင်ကွန်းနှင့် စေ့စပ် ဆွေးနွေးလို့ သဘောတူညီချက် ရပြီတဲ့၊ ပြည်ထောင်စုကြီး ဖွဲ့တော့မယ်တဲ့၊ တလောကတင် အက်ရှလေနှင့် သူ့အဖေက ဖေဖေ့ကို ပြောသွားတယ်၊ ပြီးတော့ ဒီ ယန်ကီတွေဟာ စကားလက္တို့ကို မတိုက်ရဲပါဘူး၊ သတ္တိမှ မရွိတာ၊ ဘယ် စစ်လာတိုက်ရဲပါ့မလဲ၊ စကားလက်တော့ နားရွိလို့သာ ကြားနေရတယ်
ဘာလို့ စစ်မဖြစ်ရမှာလဲ
ညီအစ္ကို နှစ်ယောက်စလုံး အလန့်တကြား အော်လိုက်ကြသည်။ စတူးဝပ္က စစ္ကေတာ့ ဖြစ်မှာပဲ၊ ဟုတ်တယ်၊ ယန်ကီတွေဟာ ကိုလေးတို့ကို ကြောက်ချင် ကြောက်မယ်၊ ဒါပေမယ့် တမြန်နေ့က ဆြန္တာ ခံတပ္ကို ဗိုလ်ချုပ် ဗျူရီဂါ့က အမြောက်နှင့် ထုတယ်လေ၊ ဒီတော့ ယန်ကီတွေအဖို့ ခံတိုက်မလား၊ ကမ္ဘာ့အလယ်မှာ လူကြောက်တွေ အျဖစ္ခံမလား၊ တစ်ခုခုတော့ ရွေးရတော့မယ်၊ ပြီးတော့ ပြည်ထောင်စုကလည်း စကားလက္က စိတ်ပျက် ငြီးငွေ့ဟန်ဖြင့် ပါးစပ္ကို ရွဲ့ပြ၏။
တော်ပြီ၊ စစ်ဆိုတဲ့ စကားလုံးကို ကိုလေးတို့ ဘာသာ ပြောချင် ပြောကြ၊ စကားလက်တော့ နားမထောင်ချင်ဘူး၊ သွားမယ်၊ စစ်ဆိုတဲ့ စကားကို ကြားကို မကြားချင်တော့ဘူး၊ ခွဲထွက်ပါလား၊ ဘာဖြစ်လို့ စစ်တိုက်နေရဦးမှာလဲ၊ ဖေဖေ ဆိုလည်း မနက် အိပ်ရာထကစပြီး အိပ်ရာဝင် အထိ စစ်အကြောင်း ပြောနေတာပဲ၊ အိမ္လာတဲ့ ဧည့်သည်တွေကလည်း တစ်ခါလာ ဆြန္တာ ခံတပ်၊ တစ်ခါလာ ပြည်နယ် အခွင့်အရေး၊ တစ်ခါလာ လင်ကွန်း၊ ကြာတော့ နားကို ငြီးနေတာပဲ၊ ယောက်ျားလေးတွေကလည်း ဒီအကြောင်း၊ ပြည်နယ် တပ်မတော်ဟောင်း အကြောင်းချည်း ပြောနေကြတာပဲ၊ ဒီနှစ် နွေမှာ ဧည့်ခံပွဲတွေကလည်း ပျော်စရာ မကောင်းတော့ဘူး၊ ဘယ် ပျော်စရာ ကောင်းတော့မလဲ၊ ပါတီတွေမှာလည်း ယောက်ျားလေးတွေက ဒါပဲ ပြောနေကြတာကိုး၊ နာတာလူး ပွဲပြီးမှ ပြည်နယ် ခြဲထြက္လို့ တော်သေးတာပေါ့၊ နာတာလူး မတိုင်ခင်ကသာ ပြည်နယ် ခွဲထွက်ရင် နာတာလူး ပွဲတော်လည်း ပျော်စရာ ကောင်းတော့မှာ မဟုတ္ဘူး၊ ဒါပဲနော်၊ စစ် အကြောင်း နောက်ထပ် မပြောကြနှင့်တော့၊ ပြောရင် အိမ်ထဲ ဝင်သွားမှာ သိလား
စကားလက်၏ အမူအရာက သူ ပြောသည့်အတိုင်း ထသွားတော့မည့် ပုံ။ စကားလက်သည် သူ့အကြောင်းကို ပြောလျှင်ပြော၊ မပြောလျှင် မည်သည့် စကားဝိုင်းကိုမျှ ကြာကြာ နားမထောင်ချင်။ ပြောမည့်သာ ပြောရသော်လည်း သူ့မျက်နှာက ပြုံးနေသည်။ ပါးချိုင့်ကလေးတွေ အထင်းသား ပေါ်လာကြ၏။ မျက်တောင်ကော့များက လိပ်ပြာ တောင်ပံ ခတ်သလို တဖျပ်ဖျပ် ခတ်နေကြသည်။ အမြွှာ ညီအစ္ကို နှစ်ယောက် ကလည်း စကားလက်၏ အပြောကလေးတွေကြောင့် အပျင်း ပြေကြရသည်။ စကားလက္ကို ငြီးငွေ့အောင် လုပ်မိသည့် အတွက် ပ်ာပ်ာသလဲ တောင်းပန်ကြသည်။ သူတို့ စကားကို စိတ်မဝင်စားရကောင်းလောဟု စကားလက္ကို အထင်သေးခြင်း မရွိ။ မသေးရုံမျှမက အထင်ပင် ကြီးလိုက်သေးသည်။ စင်စစ် စစ်ဆိုသည်မှာ မိန်းမတို့၏ အလုပ် မဟုတ်။ ယောက်ျားတို့၏ အလုပ်သာ ဖြစ်သည်။ စကားလက္က စစ္ကို စိတ်မဝင်စားခြင်းသည် မိန်းမပီသသော လက္ခဏာကို ပို၍ ထင်ရှားစေသည်ဟု ထင်ကြသည်။
စကားလက္က ငြီးငွေ့စရာ ကောင်းသည့် အကြောင်းမှ သူတို့ အမြွှာ ညီအစ္ကို နှစ်ယောက်၏ အကြောင်းသို့ စကားလမ်းကြောင်း ပြောင်းသည်။
ကျောင်းက အထုတ် ခံရေတာ့ ကိုလေးတို့ မေမေက မဆူဘူးလား
လွန်ခဲ့သော သုံးလက သူတို့ကို ဗာဂျီးနီးယား တက္ကသိုလ်မှ ထုတ်ပစ်၍ အိမ် ပြန်လာစဉ် အေမ ဒေါသူပုန် ထခဲ့ပုံကို ပြန်၍ အမှတ်ရသည်။
အင်း ခုထိတော့ ဘာမွ ပြောချိန်မရသေးဘူး၊ ကိုလတ္ကေတာ့ မေမေ မနိုးခင် မနက် အစောကြီး ကတည်းက ထွက်သွားပြီ၊ ဖြန္တိန္တို့ ခြံဘက်ကိုတဲ့၊ ကိုလေးတို့ နှစ်ယောက်ကတော့ စကားလက္တို့ ခြံကို လာတာပေါ့
စတူးဝပ္က ပြောသည်။
မနေ့ညကကော
မနေ့ညက ကံကောင်းသွားတယ်၊ ကိုလေးတို့လည်း အိမ်ပြန်ရောက်ရော ကင်တပ်ကီမှာတုန်းက မေမေ ဝယ္လာတဲ့ မြင်းကြီး ရောက်လာလို့ တစ်အိမ်လုံး အလုပ် များသွားကြတယ်၊ မြင်းကြီးက နည်းတဲ့ ကောင်ကြီး မဟုတ္ဘူး၊ စကားလက္တို့ ဖေဖေကို ပြောလိုက်ပါ၊ မြင်းကြီးကို လာကြည့်ပါဦးလို့၊ မြင်းကြီးကို ယူလာတော့ သူ့ မြင်းထိန်းလည်း လက် အကိုက်ခံရတယ်၊ ရထားပေါ်က ချတော့ မေမေ့ ကပ္ပလီ နှစ်ယောက်လည်း အကန် ခံရတယ်၊ ကိုလေးတို့ အိမ်ပြန် မရောက်ခင် မြင်းဇောင်းထဲ သွင်းတုန်းကလည်း အကုန် လျှောက်ကန် လို့တဲ့၊ ဇောင်းထဲက မေမေ့ရဲ့ စထရော်ဘယ်ရီ ဆိုတဲ့ မြင်းကြီး ကံကောင်းလို့ မသေတာပေါ့၊ ကိုလေးတို့ အိမ်ပြန်ရောက်တော့ မေမေက ဇောင်းထဲ ဆင်းပြီး မြင်းကြီးကို သကြား ကျွေးနေတယ်၊ သကြား ကျွေးလိုက်တော့မှ ကိုယ်တော်ချော ငြိမ်သွားတယ်၊ ကပ္ပလီတွေက ကြောက်လို့ ဘယ်ကပ်ရဲမလဲ၊ ဇောင်း ပြင်ဘက်က ရပ်ကြည့်ရင်း မ်က္လုံး ပြူးနေကြတာပေါ့၊ အမယ် မေမေကတော့ အေးအေးဆေးဆေးပဲဟေ့၊ မြင်းကြီးကို စကားလေး ပြောလိုက်၊ သကြားလေး ကျွေးလိုက်နှင့်၊ မြင်းကြီးကလည်း ဘာမွ မလုပ္ဘူး၊ လက်ထဲက သကြားတွေကို စားနေတယ်၊ မေမေက မြင်းအကိုင် သိပ်ကောင်းတယ်၊ ကိုလေးတို့ မြင်တော့မှ နင်တို့ လေးယောက်လုံး အိမ် ပြန်လာကြ ပြန်ပလားတဲ့၊ ကာလနာကလေးတွေတဲ့၊ ကိုလေးတို့ကို မြင်တော့ မြင်းကြီးက တရွူးရွူး ဖြစ်လာပြန်တယ်၊ ဟဲ့ ကောင်လေးတွေ၊ မြင်းက ဆိုးတယ်၊ သူ့အနား မလာကြနှင့်၊ သြား၊ မနက္က်မွ နင်တို့ လေးယောက် ကိစ္စကိုပြော ဆိုလို့ ကိုလေးတို့လည်း အိပ်ရာထဲ ဝင်ခွေ ကြတာပေါ့၊ မနက်လည်း လင်းရော ကိုလေးတို့လည်း လစ်ထွက်ကြတာပေါ့၊ အိမ်မှာတော့ ကိုကြီး ကျန်ရစ်ခဲ့တယ်၊ သူ့ ဘာသာ သူ ကြည့်ရှင်းလိမ့်မယ်
ကိုကြီးတော့ အရိုက်ခံထိလိမ့်မယ် ထင်တယ်
သူတို့ အေမ မစ္စက် တာလက်တန်သည် လူပျို ဖားဖားကြီးတွေ ဖြစ်သည့်တိုင် သူ့သားများကို မြင်းကြိမ်ဖြင့် ရိုက်ဆဲ ရှိသေးသည်။ ဤသည်ကို သိ၍ စကားလက္က မေးခြင်း ဖြစ်၏။
သူတို့အေမ မစ္စက် (ဘီးထရစ်) တာလက်တန်သည် အလွန် အလုပ်များသည့် မိန်းမ ဖြစ်သည်။ သူ့တွင် ဝါခင်းတွေ ရှိသည်။ ငွေဝယ်ကျွန် ကပ္ပလီကလည်း တစ်ရာလောက် ရှိသည်။ ကလေးကလည်း ရှစ်ယောက်။ ထိုမျှမက ဂျော်ဂျီယာနယ်တွင် အကြီးဆုံး မြင်းမွေးသည့် ခြံလည်း ရှိသည်။ မစ္စက် တာလက္တန္က ဒေါသ ကြီးသည်။ သား လေးယောက်ကြောင့် မကြာခဏ စိတ်ဆိုးရသည်။ စိတ်ဆိုးလာပြီ ဆိုလျှင် သူ့ သားတွေကို မြင်းကြိမ်ဖြင့် ခပ်စပ်စပ် ရိုက်လေ့ ရှိသည်။
ဟင့်အင်း၊ မရိုက်ပါဘူး၊ ကိုကြီးကို တစ်ခါမှ မရိုက္ဖူးဘူး၊ ကိုကြီးက မွေးချင်းထဲမှာ ဂ်ပုကေလး မဟုတ္လား
စတူးဝပ္က ခြောက်ပေ နှစ်လက်မ ရှိသည့် သူ့အရပ်အမောင်းကို ဂုဏ်ယူ ဝင့်ကြွားဟန်ဖြင့် ပြောသည်။ ဒါကြောင့် ကိုကြီးကို ပြဿနာရှင်းဖို့ အိမ်မှာ ချန်ပစ်ခဲ့တာပေါ့၊ မေမေကလည်းကွာ ဒီအရွယ်ကြီး ရောက်မှတော့ တို့ကို ရိုက္ဖို့ မကောင်းတော့ပါဘူး၊ ကိုလေးတို့ နှစ်ယောက်ဆိုရင် ၁၉နှစ်စီ၊ ကိုလတ် ဆိုရင် ၂၁ နှစ်၊ ခုတော့ တို့က ခြောက်နှစ်သား ကလေးတွေ ကျနေတာပဲ
မနက်ဖြန် ဝီလ္ကီတို့ ကောင်လုံးကင် ပျော်ပွဲစားကို ကိုလေးတို့ မေမေ မြင်းသစ် စီးသွားမယ် ထင်တယ်
မေမေကတော့ စီးသွားချင်တယ်၊ ဖေဖေက မစီးနှင့်တဲ့၊ ဒီကောင်က ဆိုးတယ်တဲ့၊ ပြီးတော့ သမီးတွေကလည်း စီးခွင့်ပေးမှာ မဟုတ်ပါဘူး၊ ဧည့်ခံပွဲကို သူတို့ အေမ သွားရင် မိန်းမပီပီ သွားစေချင်တယ်တဲ့၊ မြင်းရထားလေး ဘာလေးနှင့်ပေါ့လေ
မနက်ဖြန် ကျရင်တော့ မိုးရွာမယ် မထင်ပါဘူးနော်၊ ဒီတစ္ပတ္လုံး နေ့တိုင်းလို မိုးရွာနေတာပဲ၊ ကောင်လုံးကင် ပြဲကို အိမ်ထဲ လုပ်ရတာလောက် စိတ္ပ်က္စရာ ကောင်းတာ မရွိဘူး အမယ်လေး၊ မနက်ဖြန်ကျရင် နေသာမှာပါ၊ တော်သလင်း နေကတောင် အရှုံးပေးရလိမ့်ဦးမယ်၊ နေဝင်တာကို ကြည့်ပါလား၊ တိမ်တွေကို ရဲနေတာပဲ၊ နေဝင်တာကို ကြည့်ရင် ရာသီဥတုကို မှန်းလို့ ရပါတယ်
စတူးဝပ္က ပြော၏။
သူတို့ သုံးဦးသည် စကားလက်၏ ဖခင် ဂျရယ် အိုဟာရာ၏ ဝါခင်းများဆီသို့ လှမ်းကြည့်မိကြသည်။ ဝါခင်းတွေက ထွန်ယက်ပြီးခါစ။ နီရဲသည့် မိုးကုပ်စက်ဝိုင်း အထိ မျှော်မဆုံးနိုင်။ နေမင်းက ဖလင့်မြစ် တစ်ဖက်ကမ်း တောင်တန်းများ နောက်ကွယ်မှ ကြက်သွေးရောင် ကောင်းကင်ထဲတွင် ဝင်စပြုနေပြီ။ တန်ခူးလေရူးက တသုန်သုန် တိုက္လာကာ နွေးရာမှ အေးစ ပြုလာသည်။
ထိုနှစ်က နွေဦးသည် အဝင် စောသည်။ ပူနွေးသည့် မိုးပြေးကလေး တစ်ဖြိုက်လောက် ရွာပြီးသည်နှင့် ပန်းနုရောင် မက်မုံပွင့်များ တစ်ပင်လုံး ဝေနေသည်။ အေဝးက တောင်တန်းများနှင့် မြစ်ဘေး စိမ့်တောများတွင် ကြယ်ဖြူများလို ဖွေးနေအောင် အပွင့်တွေ ဝေနေသည့် တောင်တမာပင်များကို ပြောက်တိ ပြောက်ကျား မြင်နေ ရသည်။ ဂျော်ဂျီယာနယ်တွင် ထွန်ယက်ကြပြီးပြီ။ ဆည်းဆာ နေခြည် ရဲရဲများကြောင့် ဂျော်ဂျီယာနယ်က မြေစေး နီနီပေါ်မှ ထွန်ရေးကြောင်း များသည် ပို၍ ရဲနေကြသည်။ ဝါစေ့လေးများကို မျှော်နေကြသည့် စိုစွတ် ဆာလောင်နေသော မြေကြီးသည် ထွန်ရေးကြောင်းများ ထိပ်တွင် ပန်းနုရောင် ပြေးလျက်ရှိပြီး အရိပ် ထိုးက်ရာ မြောင်းများထဲတွင်မူ ဟင်္သာ ပြဒါးရောင်၊ ကြက်သွေးရောင်၊ ဇော်ဂျီရောင် စသဖြင့် အရောင်စုံ ပြေးနေကြသည်။ ဝါခင်းထဲမှ အုတ်တိုက် ဖြူဖြူကလေးသည် ပင်လယ်နီကြီးထဲတွင် ကျွန်းကလေး တစ်ကျွန်းနှင့် တူနေသည်။ ထွန်ရေးကြောင်းကြီးများက လှိုင်းလုံးများသဖွယ် ကောက်လျက်၊ ကွေ့လျက်။ တွန့်လျက်၊ လိမ်လျက်။ ဂျော်ဂျီယာ အလယ်ပိုင်းက ကျစ်မြေဝါများ၊ ပင်လယ် ကမ်းစပ်က မြေဆီ မည်းမည်းများမှာကဲ့သို့ ဤနေရာတွင် ထွန်ရေးကြောင်း ဖြောင့်ဖြောင့်ကို မြင်ရခဲဘိခြင်း၊ ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်းက တော တောင် ကုန်းကျင်း ထူသည်။ ထို့ကြောင့် ထွန်လျှင် ဖြောင့်ဖြောင့် ထွန်၍ မရ။ ကွေ့ကောက် ဝေ့ဝိုက်၍ ထွန်ရသည်။
မြေသားက ရဲရဲနီနေသည်။ မိုးတစ်ဖြိုက်လောက် ရွာပြီးလျှင် သွေးလို ခြင်းခြင်းနီသည်။ မိုး မရွာလျှင် အုတ်နီခဲရောင်။
ကမ္ဘာပေါ်တွင် ဝါစိုက်ရန် အကောင်းဆုံး ဖြစ်လိမ့်မည်။ အိမ်ဖြူဖြူကလေးများ၊ ငြိမ်သက်သည့် ထွန်ပြီးစ လယ်တောများ၊ တငြိမ့်ငြိမ့် စီးနေသည့် ဝါကျင့်ကျင့် မြစ်များ ပေါသည့်နေရာ ဖြစ်သည်။ နေခြည် စူးစူးရဲရဲနှင့် တောရိပ် မှိုင်းမှိုင်း စသည့် ဆန့်ကျင်ဘက်တို့ ရှိသည့် နေရာလည်း ဖြစ်သည်။ မျှော် မဆုံးနိုင်သည့် ဝါခင်းကြီးများသည် နွေးထွေးသော နေမင်းကို မော့၍ ပြုံးပြနေသယောင် ထင်ရသည်။ ဝါခင်းများ ဆုံးလျှင် ပင်ပေါက်ကလေးများ ဝေနေသည့် တောစပ်သို့ ရောက်သည်။
မွန်းတည့်ချိန်မှာပင် တောထဲတွင် စိမ့်၍ အေးနေသည်။ ကြောက်စဖွယ် လိုလို။ ထိတ္စရာ လိုလို။ အပင်အိုကြီးများက စိတ်ရှည် လက်ရှည် စောင့်ကာ သတိ ထားကြကုန်၊ သင်တို့ကို ငါတို့ တစ်ခါက ပိုင်ခဲ့ပြီ၊ နောက်တစ်ကြိမ်လည်း ပိုင်ဆိုင်နိုင်သေးသည်
ဟု ဆိုနေသကဲ့သို့ ရွိ၏။
ဆင်ဝင်ရိပ်တွင် ထိုင်နေသည့် သူတို့ သုံးယောက်သည် မြင်းခွာသံ၊ ချူသံနှင့် ကပ္ပလီ တစ်သိုက်၏ ရယ်သံစူးစူးကို ကြားလိုက်ရသည်။ ဝါခင်းမှ ပြန်လာသော သူရင်းမှားများ ဖြစ်သည်။ အိမ်ထဲမှ စကားလက်၏ အေမ အယ်လင် အိုဟာရာ၏ အသံကိုလည်း ကြားရသည်။ သော့တွဲ သိမ်းသည့် ကပ္ပလီမလေးထံ သော့တွဲ တောင်းနေခြင်း ဖြစ်၏။ လာပြီ၊ မေမေကြီး
ကပ္ပလီမလေး၏ အသံစူးစူး ပေါ်လာကာ ခြေသံသည် နောက်ဖေး မီးဖိုဆောင်ဘက်သို့ ရောက်သွားသည်။ အလုပ် ပြီး၍ ပြန်လာသော သူရင်းငှားများကို ထမင်း ကျွေးရန် ဖြစ်သည်။ မြိုင်သာယာ ထမင်းချက် အဘိုးကြီး ပေါ့က ထမင်းပွဲ ပြင်နေသဖြင့် ဇွန်းသံ၊ ပန်းကန်သံများကို ကြားနေရသည်။
ထိုအခါတွင်မှ အိမ်ပြန်ဖို့ တော်ပြီဟု အမြွှာ ညီအစ္ကို နှစ်ယောက် သတိထားမိကြသည်။ သို့ရာတွင် အိမ်ပြန်လျှင် အေမကို တွေ့ရမည်။ အေမ့ကို မတွေ့ချင်။
ဆင်ဝင်ရိပ်တွင် ထိုင်ရင်း စကားလက္က ညစာစား ခေါ်မည်လောဟု စောင့်နေမိကြသေးသည်။
ဒါထက် စကားလက်ရေ၊ မနက်ဖြန် ကောင်လုံးကင် ပျော်ပွဲစား ကျရင်တော့ တို့နှင့် ကမယ်နော်၊ ဘယ်သူနှင့် တြဲကဖို့ ချိန်းထားပြီးပြီလဲ
ဘရင့်က မေးလိုက်သည်။
ချိန်းပြီးပြီ ကိုလေးရဲ့၊ ကိုလေးတို့ အိမ်ပြန်လာမယ် ဆိုတာ ဘယ်သိပါ့မလဲ၊ ကိုလေးတို့ နှစ်ယောက် စောင့်ရင်း စကားလက္က ငေါင်စင်းစင်းကြီး ထိုင်နေရမှာလား
ညီအစ္ကို နှစ်ယောက်က သေဘာက်၍ ရယ်သည်။
မရဘူးကြ၊ ပထမ ကိုလေးနှင့် ဝေါ့ဇ် တစ်ချီလောက် ကရမယ်၊ စတူးဝပ်နှင့် နောက်ဆုံး တစ်ချီ ကရမယ်၊ ပြီးတော့ ကိုလေးတို့နှင့်အတူ ညစာ စားရမယ်၊ ပြီးတော့ မနှစ်တုန်းက ကပြဲမွာလို ကိုလေးတို့က လှေကား ထိပ်မှာ ထိုင်ပြီး ကြီးဒေါ် ဂျင်နေကြီးကို ဗေဒင် ဟောခိုင်းရမယ်၊ မဟုတ္ဘူးလား
တော်စမ်းပါ၊ ကြီးဒေါ် ဂျင်နေကြီး ဟောတဲ့ ဗေဒင်ကို စကားလက် မကြိုက်ပါဘူး၊ စကားလက် အိမ်ထောင်ကျရင် ဆံပင်နက်နက် လူတစ်ယောက်နှင့် အိမ်ထောင် ကျမယ်တဲ့၊ အဲဒီလူက နှုတ်ခမ်းမွေးလည်း ရှိတယ်တဲ့၊ စကားလက်ကလည်း ဆံပင်နက်နက် လူဆိုရင် အရမ်း မုန်းတာပဲ
ဘာဖြစ်လို့လဲ၊ ဆံပင်နီနီနှင့်မှလား ဘရင့်က ပြုံး၍ မေးသည်။ ကဲ ကိုလေးတို့နှင့် ဝေါ့ဇ် ကမယ်ဆိုတာရယ်၊ ညစာ စားမယ် ဆိုတာရယ် ကတိပေးပါ၊ ဘယ့်နှယ်လဲ
ကိုလေးတို့ကို ကတိ ပေးရင် လျှို့ဝှက်ချက် တစ္ခုကို ပြောပြမယ်လေ
စတူးဝပ္က ဝင်ပြောသည်။
ဘာလဲ
စကားလက္က ကလေးငယ် တစ်ယောက်လို စူးစမ်းဟန်ဖြင့် မေးသည်။ မနေ့က အတ္တလန်တာက ကြားခဲ့ရတဲ့ သတင်းကို ပြောတာလား စတူးဝပ်၊ ဘယ်သူမွ မပြောပါဘူး ဆိုတာ ကတိပေးခဲ့ရတာနော်
ဒေါ်လေး ပစ္တီက ကိုလေးတို့ကို ပြောလိုက်တာ
ဒေါ်လေး ဘယ်သူ
အတ္တလန်တာမှာ နေတဲ့ အက်ရှလေ ဝီလ္ကီရဲ့ အစ္မ ဝမ်းကွဲလေ၊ မစ္စပစ်တီ ဟယ်မီလ်တန်တဲ့၊ ခ်ားလ္တို့ မီလာနီတို့ရဲ့ အဒေါ်ပေါ့
သိသားပဲ၊ အပျိုကြီး၊ ဇီဇာက ကြောင်ပါဘိသနဲ့၊ သူ့လိုဟာမျိုး တွေ့ပဲ တွေ့ဖူးပေါင်
မနေ့က ကိုလေးတို့ အတ္တလန်တာကနေပြီး ပြန်ဖို့ မီးရထား စောင့်နေကြတုန်း သူကလည်း ဘူတာကို မြင်းရထားနှင့် ဆင်းအလာ တွေ့သွားတာပေါ့၊ မနက်ဖြန် အက်ရှလေ ဝီလ္ကီတို့ အိမ္က ကပြဲမွာ စေ့စပ်ကြောင်းလမ်း မင်္ဂလာ လုပ်မယ်တဲ့
အမယ်လေး၊ ဒါမ်ား အထူးအဆန်း လုပ္လို့ သိပြီးသားပါ စကားလက္က စိတ်ပျက် လက်ပျက်ဖြင့် ပြောသည်။
သူ့တူ ချားလ် ဟယ်မီလ်တန်နှင့် ဟန္နီဝီလ္ကီ စေ့စပ် ကြောင်းလမ်းမှာ မဟုတ္လား၊ တစ်နေ့ ဒီလို ညားလိမ့်မယ် ဆိုတာ အစောကြီး ကတည်းက လူတိုင်း မသိချင် အဆုံး၊ ယောက်ျားလေးဘက်ကတော့ သိပ် စိတ်ပါတော့ဟန် မတူပါဘူး၊ လူကလည်း အူကြောင်ကြောင်နှင့်၊ မိန်းမလျာလို ဘာလိုလို
ဘာ အူကြောင်ကြောင်နှင့် ဟုတ္လား ဘရင့်က မေးသည်။ နာတာလူး ပွဲတုန်းကဖြင့် သူ့အနားမှာချည်းပဲ ရပ်နေတာ
ဒါကေတာ့ သူ့ဘာသာသူ ရပ်ချင်လို့ ရပ္တာ၊ စကားလက်နှင့် ဘာဆိုင်တာ မွတ္လို့၊ လူပုံကလည်း မိန်းမလျာ
ဟေ့ မဟုတ်လည်း အဟုတ်ပဲ ရမ်းတုတ်နေတာ၊ မနက်ဖြန် စေ့စပ်မှာက သူတို့ မဟုတ္ဘူး ခင်ဗျားလေးရဲ့၊ အက်ရှလေနှင့် ခ်ာလီရဲ့ နှမ မီလာနီနှင့် စေ့စပ်မှာ
စတူးဝပ္က အောင်မြင်သည့် ဟန်ဖြင့် ပြောလိုက်သည်။
စကားလက်၏ မျက်နှာသည် အမူအရာ မပြောင်း။ သို့ရာတွင် သူ့နှုတ်ခမ်းများသည် ဖြူလျော်သွားကြသည်။
မမျှော်လင့်သော သတင်းကို ကြားလိုက်ရသဖြင့် ကြက်သေ သေသည့်နှယ် ဖြစ်သွားသည်။ သူ့ မ်က္လုံးမ်ားက စတူးဝပ္ကို စိုက်ကြည့် နေကြသည်။ လူကဲခတ်ညံ့သည့် စတူးဝပ်ပင်လျှင် စကားလက်၏ အခြေအနေကို သတိထားမိလိုက်၏။ ဧကန္တ စကားလက် စိတ်ဝင်စားနေပြီ။ တအံ့တဩ ဖြစ်နေပြီ။
အစတုန်းကတော့ ဒီလောက် မြန်မြန်ဆန်ဆန် လုပ္ဖို့ အစီအစဉ် မရွိဘူးတဲ့၊ နောင်နှစ်လောက်ကျမှ လုပ္မလို့တဲ့၊ မီလာနီက သိပ် မကျန်းမာဘူး မဟုတ္လား၊ ဒါပေမယ့် တိုင်းပြည်ကြီးက ခုပဲ ပြည်တွင်းစစ် ဖြစ်တော့မလိုလို၊ နေ့လား ညလား ဖြစ်နေတော့ နှစ်ဖက်စလုံးကပဲ ကိစ္စ မြန်မြန် ပြီးချင်ကြသတဲ့၊ ဒါကြောင့် နက်ဖြန် ပျော်ပွဲစား ညစာ စားပြဲမွာ စေ့စပ် ကြောင်းလမ်းမယ်တဲ့၊ ဒေါ်လေး ပစ္တီက ပြောလိုက်တယ်၊ ကဲ ဘယ္လိုလဲ စကားလက်၊ တို့ လျှို့ဝှက်ချက်ကိုတော့ ပြောပြီးပြီ၊ မနက်ဖြန် တို့နှင့် အတူ လိုက်မယ် မဟုတ္လား
လိုက်တာပေါ့
စကားလက္က အမှတ်မထင် ပြောလိုက်သည်။
ကပွဲကော
ကတာပေါ့
ဒါမွ တို့ ညီမကြ၊ တျခား ကောင်တွေတော့ ဆွေ့ဆွေ့ခုန်နေမှာပဲ
ခုန်ချင် ခုန်ပေါ့ကွ ဘရင့်က ဝင်ပြောသည်။ ဒီငနဲတွေကို တို့ နှစ်ယောက် ထိန်းနိုင်ပါတယ်၊ ပြီးတော့ မီးပုံပွဲကျရင်လည်း တို့ အနားမွာ ထိုင်ရမယ်နော်
ဘာ
စတူးဝပ္က ပြန်ပြောပြသည်။
ရပါတယ်
စတူးဝပ်နှင့် ဘရင့်တို့ ညီအစ္ကို နှစ်ယောက် မျက်နှာ ဝင်းထိန် သွားကြသည်။ အံ့အားလည်း သင့်နေကြသည်။
စကားလက္ကို ပိုးသူများထဲတွင် သူတို့ ညီအစ္ကို နှစ်ယောက်သည် မျက်နှာသာ အရဆုံး ဖြစ်သည့်တိုင် ယခု အခွင့်အရေးမျိုးကိုမူ ဤမျှ လြယ္လြယ္ကူကူ ရလိမ့်မည်ဟု မထင်ခဲ့ကြ။ ခါတိုင်း ဆိုလျှင် စကားလက်သည် သူတို့ တဖြဖြ နားပူနားဆာ လုပ်နေကြသည်ကို ယတိပြတ် အဖြေ ပေးလေ့ မရွိ။ သူတို့ စိတ်ဆိုးသည်ကို ကြည့်၍ ရယ်နေတတ်သည်။ သူတို့ အလွန်အမင်း ဒေါပွပြီ ဆိုလျှင် မထုံတတ်သေး နေပြတတ်သည်။ ယခုမူ မနက်ဖြန် အစီအစဉ် အားလုံးကို သူတို့ သေဘာက် လိုက်လျောလိုက်ပြီ။ မီးပုံပွဲတွင် အတူ ထိုင်မည်။ ညစာ အတူ စားမည်။ တက္ကသိုလ်မှ ကျောင်းထုတ် ခံရကျိုး နပ်ပြီ။
ညီအစ္ကို နှစ်ယောက်စလုံး မြူးလျက် စကားဖောင်နေကြသည်။ မနက်ဖြန် ကောင်လုံးကင် ပျော်ပွဲစား အကြောင်း၊ ကပြဲ အကြောင်း၊ အက်ရှလေနှင့် မီလာနီတို့ အကြောင်းကို တစ်ယောက် တစ်ပေါက် ပြောကြသည်။ ရယ္စရာ လုပ်၍ ပြောင်ကြသည်။ သူတို့ကသာ စကားတွေ ဖောင်နေသော်လည်း စကားလက္က သိပ်စကားမပြောတော့။ ငြိမ်နေသည်။
စောစောက ရွှင်မြူးစရာ ကောင်းသော ပတ်ဝန်းကျင်သည် မသိမသာ ပျောက်ကွယ်သွားသည်။ စကားလက်သည် မေးတစ်ခွန်း ဖြေတစ်ခွန်း ပြောနေရသော်လည်း သူတို့ စကားမ်ားကို စိတ်ဝင်စားပုံ မရ။ ထိုအခါတွင်မှ ညီအစ္ကို နှစ်ယောက်သည် အခြေအနေကို အကဲခတ္ကာ မထချင် ထချင် ထကြ၏။ နာရီကို ငုံ့ကြည့်ကြသည်။
နေလုံးက ထွန်ပြီးစ ယာတောစပ်သို့ ငုပ်ဆင်းသွားပြီ။ မြစ် တစ်ဖက်ကမ်းက သစ်ပင် မြင့်မြင့်ကြီးများသည် အဝေးတွင် ရေးရေးရိပ်ရိပ် ပေါ်နေသည်။ ကွင်းပြင်ထက်တွင် ပျံလွှားတွေ အိပ်တန်း တက်ကုန်ကြပြီ။ ကြက်များ၊ ဘဲမ်ား၊ ကြက်ဆင်များသည် ယာတောဘက်မှ အုပ်လိုက် ပြန်လာကြသည်။
ဂျင်းရေ ပြန်မယ် ဟေ့
စတူးဝပ္က လှမ်းအော်လိုက်သည်။ သူတို့ အရွယ်လောက်သာ ရှိဦးမည့် ကပ္ပလီ သူငယ္ကေလး တစ်ယောက် နောက်ဘက်မှ လှန်ထားသော မြင်းများဆီသို့ ပြေးထွက်သွားသည်။ ဂျင်းကား သူတို့ နောက်တော်ပါ ခွေးအုပ်လို သူတို့ ညီအစ္ကို သြားရာ တကောက်ကောက် လိုက်ရသည့် ကျွန်ယုံ ဖြစ်သည်။ ငယ်ငယ္က သူတို့ ညီအစ်ကိုနှင့် ကစားဖက်။ သူတို့ ညီအစ္ကို နှစ်ယောက် ၁၀ နှစ်မြောက် မွေးနေ့တွင် အဖေနှင့် အေမက ဂျင်းကို မွေးနေ့ လက်ဆောင် အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။
ဂျင်းကို မြင်သည်၌ မြေနီထဲတွင် ဝပ်နေသည့် ခွေးများကလည်း လူးလဲထကာ သခင် နှစ်ဦးကို စောင့်ကြသည်။ စတူးဝပ်နှင့် ဘရင့်သည် စကားလက္ကို ဦးညွှတ် လက်ဆြဲ နှုတ်ဆက်ပြီးနောက် မနက်ဖြန် ပျော်ပွဲစားပွဲသို့ စောစော လာရန် မှာသည်။
ထိုနောက် ပြေးဆင်းလာကာ မြင်းပေါ်သို့ ခုန်တက်ပြီး တောင် တမာပင်များ တစ်ဖက်တစ်ချက် ပေါက်နေသည့် လမ်းကလေး အတိုင်း ဒုန်းစီး သွားကြသည်။ ဦးထုပ္ကို ချွတ်ပြရင်းက အော်ဟစ် နှုတ်ဆက် သွားကြသည်။ သူတို့ ကျွန်ယုံ ဂျင်းက နောက်က မြင်းတစ်စီးဖြင့်။
ရှေ့က ဖုန္ထူထူ လမ်းကလေးကို ချိုးလိုက်သည့် အခါတွင် မြိုင်သာယာကို မမြင်ရတော့။ ဘရင့်က မြင်းဇက် သတ္ကာ တောင်တမာပင် အုပ်အုပ် အောက်တွင် ရပ်လိုက်သဖြင့် စတူးဝပ်ကလည်း ရပ်လိုက်သည်။ ဂျင်းကလည်း ခပ်လှမ်းလှမ်းတွင် သူ့မြင်းကို ဇက်သတ်၍ ရပ်သည်။ မြင်းများက ဇက်လျှော့လိုက်သဖြင့် လည်ကို ဆန့်ထုတ်ကာ နွေဦး မိုးတစ်ပြိုက် အကျတွင် ခေါင်းပြူလာကြသည့် မြက်နုကလေးများကို တဖြုတ်ဖြုတ် ဝါးနေကြသည်။ ခွေးအုပ်ကလည်း မြေနီ သိပ်သိပ်ထဲတွင် ဝပ္ကာ ဆည်းဆာထဲတွင် လူးလာ ပ်ံဝဲ နေသည့် ပျံလွှားအုပ်များကို ငေးကြည့်နေသည်။ ဘရင့်၏ ထက်မြက်သည့် မျက်နှာသည် မှုန်မှိုင်းသွား၏။ စိတ်တိုနေပုံ ရသည်။
---
(အခန်း ၁ အဆက်သို့ ဆက်ရန်)
#မြသန်းတင့်
#လေရူးသုန်သုန်
မေတ္တာဖြင့်
#shared_by_louis_augustine ပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်
shared_by_louis_augustine ပေ့ခ်ျအား အထူးကျေးဇူးတင်ပါသည်။
Subscribe to:
Posts (Atom)